မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်" ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဂရုဏာလုပ်ငန်းများကို ဆောင်ရွက်နေသည့် အသင်းကြီးဖြစ် ပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လက်အောက်ခံဖြစ်သော တွဲဖက်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့်လည်း မိမိတို့ ပြည်နယ် အတွင်း ဆောင် ရွက်နေသော လူမှုဂရုဏာလုပ်ငန်းများကို မှတ်တမ်းတစ်ခုအနေဖြင့်လည်းကောင်း၊ အများပြည်သူတို့ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဘလော့ကို တည်ထောင်ရခြင်းဖြစ်ပါသည်။
ထို့အပြင် မိမိတို့ ပြည်နယ်အတွင်းရှိ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား မှတ်တမ်းတင် ဂုဏ်ပြုခြင်းအား ဖြင့် တပ်ဖွဲ့ဝင်များမှ လူမှုဂရုဏာလုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်စေရန် အတွက်လည်း ရည်ရွယ်ချက်ထားရှိပါသည်။
ကြက်ခြေနီစေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဤဘလော့ဖြင့် ဂုဏ်ပြုအပ်ပါသည်။
Good job 2IC....
ReplyDelete