၂၀၁၃ ခုနှစ် မေလ (၅)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မှာ လားရှိုးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးမှ ကြိုးဆင်းကြိုးတက်စတဲ့ စွမ်းရည်ပြသပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီသူနှစ်ဦးကတော့ တပ်စုမှူး အောင်ဖြိုးမင်းနဲ့ တပ်သား ဇော်ကိုကိုလတ်တို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ပုံလေးတွေ တင်ပေးထားပါတယ်။ ကြည့်ရှုအားပေးသွားကြပါဦးလို့။
Friday, July 12, 2013
Monday, June 10, 2013
ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ ၂၀၁၃ ခုနှစ် ထူးချွန်ကြက်ခြေနီမောင်မယ်များအား ဂုဏ်ပြုပါ၏
၂၀၁၃ ခုနှစ် ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲ(မော်လမြိုင်တက္ကသိုလ်)ကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရဲ့ ထူးချွန်ကြက်ခြေနီမောင်မယ်လေးများကတော့-
(က) မနန်းဇီဇ၀ါမိုး လားရှိုး
(ခ ) မနန်းစိန်အောင် တန့်ယန်း
(ဂ ) မနန်းရွှေဟန်အေး သီပေါ
(ဃ) မောင်စည်သူဘို လားရှိုးတက္ကသိုလ်
(င ) မောင်ရာဇာရဲအောင် ကျောက်မဲ
(စ ) မောင်ဇော်ဇော် နောင်ချို
တို့ပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ထူးချွန်ကြက်ခြေနီမောင်မယ်များအား ရှမ်းပြည်နယ်(မြောက်ပိုင်း) တွဲဖက်ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ၀မ်းမြောက်စွာ ဂုဏ်ယူကြောင်းနှင့် ရှေ့ဆက်ပြီး ကြက်ခြေနီ လုပ်ငန်းများတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Friday, May 31, 2013
ဘလော့တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်" ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဂရုဏာလုပ်ငန်းများကို ဆောင်ရွက်နေသည့် အသင်းကြီးဖြစ် ပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လက်အောက်ခံဖြစ်သော တွဲဖက်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့်လည်း မိမိတို့ ပြည်နယ် အတွင်း ဆောင် ရွက်နေသော လူမှုဂရုဏာလုပ်ငန်းများကို မှတ်တမ်းတစ်ခုအနေဖြင့်လည်းကောင်း၊ အများပြည်သူတို့ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဘလော့ကို တည်ထောင်ရခြင်းဖြစ်ပါသည်။
ထို့အပြင် မိမိတို့ ပြည်နယ်အတွင်းရှိ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား မှတ်တမ်းတင် ဂုဏ်ပြုခြင်းအား ဖြင့် တပ်ဖွဲ့ဝင်များမှ လူမှုဂရုဏာလုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်စေရန် အတွက်လည်း ရည်ရွယ်ချက်ထားရှိပါသည်။
ကြက်ခြေနီစေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဤဘလော့ဖြင့် ဂုဏ်ပြုအပ်ပါသည်။
Subscribe to:
Posts (Atom)